ပုသိမ်မြို့၊ ရွှေတွင်းတူးကျေးရွာအနီး အောင်စည်တီးစေတီတော်ဌာပနာပိတ် ထီးတင်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုသိမ်မြို့၊ ရွှေတွင်းတူးကျေးရွာအနီး အောင်စည်တီးစေတီတော်ဌာပနာပိတ် ထီးတင်ပွဲအခမ်းအနား ကျင်းပ











MNP ၊ မတ် ၄

ပုသိမ်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်နှင့် အဖွဲ့သည် ပုသိမ်မြို့၊ ရွှေတွင်းတူးကျေးရွာအနီး အောင်စည်တီးစေတီတော်ဌာပနာပိတ် ထီးတင်ပွဲအခမ်းအနားသို့ တက်ရောက် လှူဒါန်း ပူဇော်ခဲ့ကြောင်း သိရသည်။

မတ်လ (၂)ရက်နေ့က ပုသိမ်မြို့နယ်၊ တောင်တန်းကုန်းကျေးရွာအုပ်စု မြင်းကကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သောစစ်ကြောင်းကြီး( ၅) ကြောင်းနှင့်ဒေသခံပြည်သူများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ လောင်းကစားပပျောက်ရေး၊ သက်ငယ်မုဒိမ်းကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဆိုလာမီးရရှိရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မီးဘေးလုံခြုံရေးအတွက်မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံး၊ ကြိုတင်ပြင်ဆင်ထားရှိရေး၊ မီးမပေါ့ဆရေးကိစ္စနှင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဒေသခံပြည်သူများမှ ကျေးလက်ကျန်းမာရေးဆေးခန်းရရှိရေး၊ ကျေးရွာချင်းဆက်လမ်းရရှိရေးနှင့် ကျေးရွာတွင်တံတားရရှိရေးတို့အား တင်ပြဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲအပြီး ပုသိမ်မြို့နယ်၊ မဲဇလီကျေးရွာအုပ်စု၊ ရွှေတွင်းတူးကျေးရွာအနီး အောင်စည်တီးစေတီတော်ဌာပနာပိတ် ထီးတင်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက တက်ရောက်လှူဒါန်း ပူဇော်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)