ပန်းတောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ကျေးလက်လမ်းဖောက်လုပ်မည့် မြေနေရာကွက်အား တောင်သူများနှင့် တွေ့ဆုံ ညှိနှိုင်းကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ကျေးလက်လမ်းဖောက်လုပ်မည့် မြေနေရာကွက်အား တောင်သူများနှင့် တွေ့ဆုံ ညှိနှိုင်းကွင်းဆင်းကြည့်ရှု


MNP   -   မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးကျေးလက်လမ်း ဖောက်လုပ်မည့် မြေနေရာကွက်အား တောင်သူများနှင့် ယမန်နေ့နေ့လယ်ပိုင်းက တွေ့ဆုံညှိနှိုင်း ကွင်းဆင်း​ကြည့်ရှုခဲ့ကြောင်း သိရသည်။


အဆိုပါဒေသဖွံ့ဖြိုးရေး ကျေးလက်လမ်းမြေနေရာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ညီ၊ ဗိုလ်ကြီးမျိုးကိုသန့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ဇင်ဦးတို့သည် ကိုင်းကြီး တောင်ကိုင်း၊ ဘူးဘက်နှင့်ပုသိမ်-မုံရွာလမ်းသို့ ဖောက်လုပ်မည့်ဒေသဖွံ့ရေး ကျေးလက်လမ်း မြေနေရာအတွက် ဘူးဘက်ရွာတောင်သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ရာ သဒ္ဒါကြည်ဖြူစွာဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။


ထို့နောက် ဘူးဘက်ရွာတောင်သူများမှ လှူဒါန်းသောမြေနေရာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး ကျော်ညီ နှင့်အဖွဲ့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။


ထိုသို့ ဒေသဖွံဖြိုးရေး ကျေးလက်လမ်းဖောက်လုပ်ပြီးစီးပါက ကိုင်းကြီးအုပ်စုတွင်းရှိ ဒေသခံများ ရာသီမရွေး လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။


သင်းသင်းအေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)