ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး


MNP   -   မတ် ၄

ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအ‌သောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သပြေကုန်းဈေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးကျော်အောင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်း‌‌ဝေနှင့် မြို့နယ်အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်များက လှည့်လည်စစ်ဆေးရာတွင် ဈေးအတွင်းရောင်းချလျက်ရှိသည့် ကိုရီးယားအသားလုံးများ၊ မုန့်ဖတ်များ၊ ချဉ်ဖတ်များအား Mobile lab van ပေါ်တွင် rapid test kit ဖြင့် စစ်ဆေးခြင်း၊ ကိတ်မုန့်နှင့် ယိုမျိုးစုံများအား ကျန်းမာရေးနှင့်ညီ/မညီ စစ်ဆေးရန် ဓာတ်ခွဲနမူ နာယူခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့် သတ်မှတ်ထားသည့် အစားအသောက်များနှင့် သက်တမ်းလွန် အစားအသောက်များကို စစ်ဆေးခဲ့ပြီး ဈေးရောင်းချသူပြည်သူများအား စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ‌‌‌ကြောင်းသိရှိရသည်။


ဟိန်းသူအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)