MNP ၊ မတ် ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းကို ယနေ့ နံနက် (၁ဝ)နာရီက ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် အင်္ဂလိပ်စကားပြောစွမ်းရည် မြှင့်မာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းတွင် မိုးညှင်းတက္ကသိုလ် အင်္ဂလိပ်စာဘာသာရပ်ဌာနမှ တွဲဖက်ပါမောက္ခ(ဌာနမှူး) ဒေါ်စံပယ်ဦးက အင်္ဂလိပ်စာ လေ့လာရာ၌ အရေး၊ အသား၊ အပြောတွင် အဓိကအခြေခံအကျဆုံးဖြစ်သည့် ဝါစင်္ဂရှစ်မျိုးကို သင်ကြား ပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မတ်လ(၂၀)ရက်မှ (၃၁)ရက်အထိ ရက်သတ္တနှစ်ပတ်ကြာ (အခမဲ့) သင်ကြားသွားမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး စိတ်ပါဝင်စားစွာဖြင့် ပျော်ပျော်ရွှင်ရွှင် တက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment