ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား၊ ကျောင်းသူ (၄၇၆) ဦး ဝင်ရောက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား၊ ကျောင်းသူ (၄၇၆) ဦး ဝင်ရောက်ဖြေဆို



MNP ၊ မတ်  ၈

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို စတင်ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ယနေ့နံနက် (၉) နာရီက မြန်မာစာဘာသာရပ်ကို အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲစတင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။


ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်း၊ ကျောင်းပြင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၃၂) ဦး စာရင်းပေးသွင်းထားပြီး၊ ယနေ့တွင် လာရောက်ဖြေဆိုသူ စုစုပေါင်း (၄၇၆) ဦးရှိပြီး၊ ဖြေဆိုမှု ရာခိုင်နှုန်း ၈၉.၄၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အေးမဉ္ဇူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)