MNP ၊ မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ စာစစ်ဌာန(၃)ခုတွင် ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာဘာသာကို စတင်ဖြေဆိုလျက်ရှိရာ စာရင်းရှိ ကျောင်းသား/သူ ၂၁၆၆ ဦးတွင် ၂၀၁၈ ဦး ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။
ပြင်ဦးလွင် မြို့နယ်ရှိ စာစစ်ဌာန (၃) ခုတွင် ဆွံ့အ၊ နားမကြား၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူများအပါ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုသည့်ဖြေဆိုသူ ၂၀၁၈ ဦးတွင် ဘာသာတွဲ (၁) ဘာသာတွဲ (၂)၊ ဘာသာတွဲ (၅)၊ ဘာသာတွဲ (၇)၊ ဘာသာတွဲ (၈) တို့ပါဝင်ပြီး အတွင်းဖြေ၊ အပြင်ဖြေဟူ၍ ၂ မျိုးရှိကာ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၂၀၁၈ ဦးတွင် အထက (၁) စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ(၆၄၉)ဦး၊ အထက (၂)စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ (၆၅၂)ဦး၊ အထက (၄) စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ(၇၁၇)ဦး အသီးသီးဝင်ရောက်ဖြေဆိုလျက်ရှိရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၃.၁၇% ဖြစ်ပြီး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင်မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment