ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆို



MNP ၊ မတ်  ၈

မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့နံနက်(၉)နာရီက စတင်ကျင်းပလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၃ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အတွဲ(၁)ဘာသာတွဲ အတွင်းဖြေကျောင်းသား(၆)ဦး၊ ကျောင်းသူ(၆)ဦး၊ အပြင်ဖြေကျောင်းသား(၁၄၆)ဦး၊ ကျောင်းသူ(၁၇၀)ဦး၊ အတွဲ(၂)ဘာသာတွဲတွင် အတွင်းဖြေကျောင်းသူ(၁)ဦး၊ အပြင်ဖြေကျောင်းသား(၁၅)ဦး၊ ကျောင်းသူ(၂၀)ဦး အတွဲ(၅)ဘာသာတွဲတွင် အပြင်ဖြေကျောင်းသား(၂)ဦး၊ အတွဲ(၇)ဘာသာတွဲတွင် အတွင်းဖြေကျောင်းသား(၁၁)ဦး၊ ကျောင်းသူ(၂၅)ဦး၊ အပြင်ဖြေကျောင်းသား(၂၅၅)ဦး၊ ကျောင်းသူ(၄၇၃)ဦး စုစုပေါင်းကျောင်းသား(၄၃၅)ဦး၊ ကျောင်းသူ(၆၉၅)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားပြီး အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


ကျောက်ဆည်မြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ စည်းကမ်းတကျ အေးချမ်းစွာဖြေဆိုနိုင်ရေး  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဧရာဝတီအဆောင်နှင့် သုံးထပ်အဆောင်များတွင် စာဖြေဌာန(၂)ခုဆောင်ရွက်ထားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းဝင်းအပြင်နှင့်အတွင်းတွင် လုံခြုံမှုရှိရေးစောင့်ကြည့်ပေးခြင်း၊ စာဖြေခန်းများတွင် အသုံးပြုမည့် စာရေးခုံများ၊ ထိုင်ခုံများ၊ စာမေးပွဲခန်းသုံးနာရီများ၊ လျှပ်စစ်မီးများ၊ လုံလောက်သောအလင်းရောင်ရရှိရေးနှင့် သောက်သုံးရေဖူလုံရေးနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ထားကြောင်း သိရှိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)