တောင်ငူမြို့နယ်စာစစ်ဌာန(၄)ခုတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့နယ်စာစစ်ဌာန(၄)ခုတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို


MNP ၊ မတ်  ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုဖြစ်သည့် အ.ထ.က(၂)၊ အ.ထ.က(၄)၊ အ.ထ.က(နတ်စင်ကုန်း)နှင့် အ.ထ.က(လေးမိုင်)တို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။


အဆိုပါစာစစ်ဌာနများတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဘာသာတွဲများအလိုက် ဝင်ရောက်ဖြေဆိုလျက်ရှိကြရာ ကျောင်းတွင်းစာရင်းရှိ(၁၅၄)ဦး၊ ဖြေဆိုသူ(၁၄၇)ဦး၊ ပျက်ကွက်(၇)ဦး၊ ကျောင်းပြင်ပစာရင်းရှိ ကျောင်းသား၊ ကျောင်းသူ(၉၇၁)ဦး၊ ဖြေဆိုသူ (၈၆၄)ဦး၊ ပျက်ကွက်(၁၀၇)ဦး စုစုပေါင်းဖြေဆိုသူ(၁၀၁၁)ဦးရှိ​ပြီး ဖြေဆိုမှုရာခိုင်နှုန်း (၈၉.၈၇%)ရှိကြောင်း သိရသည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ၈-၃-၂၀၂၃ ရက်နေ့မှ ၁၈-၃-၂၀၂၃ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ၈-၃-၂၀၂၃ ရက်နေ့တွင် မြန်မာစာဘာသာရပ်၊ ၉-၃-၂၀၂၃ ရက်နေ့တွင် အင်္ဂလိပ်စာဘာသာရပ်၊ ၁၀-၃-၂၀၂၃ ရက်နေ့တွင် သင်္ချာဘာသာရပ်၊ ၁၃-၃-၂၀၂၃ ရက်နေ့တွင် ဓာတုဗေဒဘာသာရပ်၊ ၁၄-၃-၂၀၂၃ ရက်နေ့တွင် ရူပဗေဒဘာသာရပ်၊ ၁၅-၃-၂၀၂၃ ရက်နေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်၊ ၁၆-၃-၂၀၂၃ ရက်နေ့တွင် ပထဝီဘာသာရပ်၊ ၁၇-၃-၂၀၂၃ ရက်နေ့တွင် သမိုင်းဘာသာရပ်နှင့် ၁၈-၃-၂၀၂၃ ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ကြောင်း တောင်ငူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)