တံတားဦးမြို့နယ်တွင် ဂျုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် ဂျုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်



MNP ၊ မတ်  ၈

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ဆောင်းသီးနှံတစ်ခုဖြစ်သည့် ဂျုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဂျုံစိုတောင်သူများထံမှ သိရသည်။


“စိုထားတဲ့ ဂျုံသီးနှံစိုက်ခင်းတွေမှာ အပင်ဖြစ်အားကောင်းပြီး အနှံတွေစုံနေပြီး ဂျုံအထွက်နှုန်းတိုးဖို့အတွက် တောင်သူတွေပညာပေးသင်တန်းတွေ ပို့ချပေးတာ၊ မျိုးကောင်းမျိုးသန့်ရရှိဖို့ ဆောင်ရွက်ပေး တာ ပုလဲဓါတ်မြေဩဇာအချိန်မှန်မှန်ကျွေးနိုင်ရေး၊ ရေသွင်းရေထုတ်မှန်ကန်ရေးတို့ကို မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနက ဆောင်ရွက်ပေးတဲ့အတွက် တောင်သူတွေအများကြီး အထောက်အကူဖြစ်စေပါတယ်ဟု “ ခေါင်းကွဲကျေးရွာ ဂျုံသီးနှံစိုက်တောင်သူ ဦးကျော်တင့်ကပြောကြားသည်။


တံတားဦးမြို့နယ်အတွင်း အထွက်နှုန်းကောင်းပြီး ဒေသနှင့်ကိုက်ညီသည့် ဂျုံမျိုးများကို စိုက်ပျိုးကြရာ ဂျုံတစ်ဧကလျှင်((၃၅)တင်းမှတင်း (၅၀)အထိ ထွက်ရှိခဲ့ကြောင်း၊ ဂျုံတစ်ဧလျှင် ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် သုံးသီန်းခွဲလောက်ရှိပါတယ်၊ ယခုနှစ် ဂျုံတစ်တင်းကိုငွေကျပ်(၅၅၀၀၀) ပေးဝယ်သည့်အတွက် တစ်ဧကကို  ငွေကျပ်(၁၀)သိန်းကျော်အမြတ်ရရှိကြောင်းလည်း အဆိုပါတောင်သူမှ ဆက်လက်ပြော ကြားကြောင်းသိရသည်။


ရဲတင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)