ပြည်ကြီးတံခွန်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ​မြန်မာစာစတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ​မြန်မာစာစတင်ဖြေဆို




MNP ၊ မတ်  ၈

ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံနှင်တစ်ဝန်းရှိ အ​ခြေခံပညာအထက်တန်းကျောင်းများအားလုံးတွင် တစ်ပြိုင်တည်းဖြေဆိုလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ယနေ့နံနက်ပိုင်း(၉)နာရီက အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


အဆိုပါစာမေးပွဲဖြေဆိုခြင်းကို ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁)ခုတွင် ဝင်ရောက်ဖြေဆိုရန် ကျောင်းသား(၂၆၁)ဦး၊ ကျောင်းသူ(၃၉၉)ဦး ပေါင်း (၆၆၀)ဦးစာရင်းပေးသွင်းထားသော်လည်း အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန ကျောင်းသား(၂၄၂)ဦး၊ ကျောင်းသူ(၃၇၀)ဦး ပေါင်း(၆၁၂)ဦး ဖြေဆိုသူအားဖြင့် (၉၂.၇၂)ရာခိုင်နှုန်းရှိ စာမေးပွဲ ဝင်ရောက်‌ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို ပြည်ကြီးတံခွန်မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်၏ လမ်းညွှန်မှုဖြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး  စာမေးပွဲဖြေဆိုမည့် ကတ်ပြားများ ပါ၊ မပါ စစ်ဆေးခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကျောင်းဝင်းအပြင် လုံခြုံရေးတို့ကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


ကျော်ကျော်အောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment