ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ အထိမ်းအမှတ် မွန်ရိုးရာမုန့်ဟင်းခါးချက်ပြုတ်နည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ အထိမ်းအမှတ် မွန်ရိုးရာမုန့်ဟင်းခါးချက်ပြုတ်နည်းသင်တန်းဖွင့်လှစ်





MNP ၊ မတ်  ၈

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ‌နေ့ အထိမ်းအမှတ် မွန်ရိုးရာမုန့်ဟင်းခါးချက်ပြုတ်နည်းသင်တန်းကိုယနေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့သည်။


ချက်ပြုတ်နည်းသင်တန်းကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ  ဒေါ်နွေးနွေး ၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှင့် မြို့နယ်အတွင်းရှိ အချက်အပြုတ်စိတ်ဝင်စားသူများကတက်ရောက်ခဲ့ကြသည်။


အဆိုပါချက်ပြုတ်နည်းတွင် ပါဝင်သောပစ္စည်းများမှာ  ငါး၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း၊အတို့အမြုပ်၊ဌက်ပျောပင်၊စပါးလင်၊ဟင်းခတ်မုန့်၊ငံပြာရည်၊နနွမ်းမှုန့်၊အိုင်အိုဒင်းဆား၊စိမ်းစားငါးပိ၊ဆီ၊မန်ကျည်ရည်၊မုန့်တီနှင့်အ‌ကြော်စုံတို့ပါဝင်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment