MNP ၊ မတ် ၉
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက အထက(ရမ်းဗြဲ) စာစစ်ဌာနတွင် ကျောင်းသား/ကျောင်သူ (၄၆၀)ဦးအေးချမ်းစွာ ဝင်ရောက်ဖြေဆိုကြသည်။
ထိုသို့ဖြေဆိုရာတွင် အထက(ရမ်းဗြဲ) စာစစစ်ဌာသို့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ကျောင်းသားကျောင်းသူ(၅၄၇)ဦးစာရင်းပေးသွင်းထားရှိခဲ့ကြရာ ယနေ့အင်္ဂလိပ်စာဘာသသာရပ်ကို မ(၂၈၁)ဦး ၊ ကျား (၁၇၉) ဦးစုစုပေါင်း (၄၆၀)ဦး အေးချမ်းစွာဝင်ရောက်ဖြေဆိုကြပြီး ပျက်သူ(၈၇)ဦးရှိခဲ့သည်အတွက် ဖြေဆိုရာခိုင်နှုန်း (၈၄.၁)ဖြစ်သည်။
အထက(ရမ်းဗြဲ)စာစစ်ဌာနတွင် ကျောင်းသား/ကျောင်သူများအေးချမ်းစွာဖြေဆိုနိုင်ကြရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment