ကျိန္တလီမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိ




MNP ၊ မတ်  ၉

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.ထ.က ကျိန္တလီ စာစစ်ဌာနတွင် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ စတင်ဖြေဆိုကျင်းပလျက်ရှိရာ ယနေ့နံနက် ၉နာရီ အချိန်မှစတင်၍   အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/သူ (၈၇)ဦးတို့က အေးချမ်းစွာဖြေဆိုလျက်ရှိသည်။


    အဆိုပါ အ.ထ.က ကျိန္တလီ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်း ထားသူ ကျား(၄၃)ဦး၊ မ(၅၆)ဦး စုစုပေါင်း(၉၉)ဦးဖြစ်ပြီး ဖြေဆိုသူဦးရေမှာ ကျား(၃၅)ဦး၊ မ(၅၂)ဦး စုစုပေါင်း (၈၇)ဦး ဖြစ်ကြောင်း၊ ဖြေဆိုရန် ပျက်ကွက်သူဦးရေမှာ ကျား(၈)ဦး၊ မ(၄)ဦး စုစုပေါင်း (၁၂)ဦးမှာ ဖြေဆိုရန်ပျက်ကွက်ကြောင်းခဲ့ကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ မသမာသော ကိစ္စရပ်များ မဖြစ်ပေါ်စေရေးနှင့် စာမေးပွဲဖြေဆိုမှုကို အနှောက်အယှက် မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေရန် ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများတို့က ပေါင်းစပ်၍ စာစစ်ဌာန၌ လိုအပ်သည့်လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment