၅) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၅) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ အစည်းအဝေးကျင်းပ


MNP ၊ မတ်   ၇

(၂၅) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး (25th ASEAN Senior Level Committee- SLC on Financial Integration)ကို ယနေ့မြန်မာစံတော်ချိန် နံနက် ၈ နာရီတွင် Hybrid Format ဖြင့် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် တက်ရောက်သည်။


 ဦးစွာ ပူးတွဲသဘာပတိများဖြစ်ကြသည့် စင်ကာပူနိုင်ငံ ငွေကြေးအာဏာပိုင်အဖွဲ့မှ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လာအိုနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက အဖွင့်အမှာစကားများပြောကြားကြပြီး အာဆီယံ +၃ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN+3 Macroeconomic Research Office - AMRO)နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB)တို့က လတ်တလော မေခရိုစီးပွားရေး အခြေအနေများ၊ ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်းဆိုင်ရာ ငွေရေးကြေးရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြကြသည်။


ဆက်လက်၍ အာဆီယံနိုင်ငံများအချင်းချင်း သတင်းအချက်အလက် အပြန်အလှန်ချိတ်ဆက်နိုင်သောမူဘောင် (ASEAN Interoperable Data Frame-work) နှင့် အာဆီယံနိုင်ငံများအချင်းချင်း ငွေပေးချေမှုစနစ်များ ချိတ်ဆက်မှုအစီအစဉ် (ASEAN Multilateral Payments Connectivity Initiative) တို့နှင့်စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေများကို သက်ဆိုင်သည့်လုပ်ငန်းကော်မတီများက ရှင်းလင်းတင်ပြကြပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် အကြောင်းအရာများ၊ တိုးတက်မှုအခြေအနေများနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Eco-nomic Community - AEC) လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။


မွန်းလွဲပိုင်းတွင် အာဆီယံဘဏ်လုပ်ငန်းပေါင်းစည်းရေးမူဘောင် (ASEAN Banking Integration Framework- ABIF)၊ ငွေလုံးငွေရင်း စာရင်းပိုမိုလွတ်လပ်ခွင့်ပြုရေး (Capital Account Liberalization-CAL)၊ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်မှု (Capital Market Development-CMD)၊ အားလုံးပါဝင်သော ငွေရေးကြေးရေးကဏ္ဍ (Financial Inclusion-FINC)၊ ငွေရေးကြေးရေး၀န်ဆောင်မှုလုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေး (Financial Services Liberali-zation-FSL)၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် (Payment and Settlement System-PSS)၊ စွမ်းရည်မြှင့်တင်ရေးကြီးကြပ်ထိန်းကျောင်းမှုကော်မတီ (Steering Committee on Capacity Building - SCCB)တို့နှင့်စပ်လျဉ်း၍ နောက်ဆုံးတိုးတက်မှုအခြေအနေများကို လုပ်ငန်းကော်မတီအသီးသီးက ရှင်းလင်းတင်ပြရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများက လမ်းညွှန်မှုများပြုခဲ့ကြသည်။


ထို့နောက် အဆင့်မြင့်ကော်မတီလုပ်ငန်းအဖွဲ့၏ ပူးတွဲသဘာပတိများက ရေရှည်တည်တံ့ခိုင်မြဲပြီး အကျပ်အတည်းဖြစ်ပေါ်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရေးအထောက်အကူပြုဘဏ္ဍာငွေ(Sustainable Finance)နှင့် စပ်လျဉ်း၍လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံဗဟိုဘဏ်က အာဆီယံဒေသတွင်း ဆိုက်ဘာလုံခြုံရေး ဆိုင်ရာခံနိုင်ရည်ရှိမှုနှင့် သတင်းအချက်အလက်များမျှဝေခြင်း အစီအစဉ် (ASEAN Cyberse-curity Resilience and Infor-mation Sharing Platform- CRISP)နှင့် စပ်လျဉ်း၍လည်းကောင်း၊ အာဆီယံ ငွေကြေးဖလှယ်မှုအစီအစဉ် (ASEAN Swap Arrangement)နှင့်စပ်လျဉ်း၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အာဆီယံငွေကြေးဖလှယ်မှုအစီအစဉ် လုပ်ငန်းအဖွဲ့အစည်းအဝေး၏ အချက်အလက်အကျဉ်းချုပ်အား ဖိလစ်ပိုင်နိုင်ငံ ဗဟိုဘဏ်ကလည်းကောင်း ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ အာဆီယံ ငွေရေးကြေးရေးပေါင်းစည်းရေးအဆင့်မြင့်ကော်မတီဆိုင်ရာအချက်များ (Terms of Reference -TOR) နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်များအား စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ကလည်းကောင်း၊ ဒုတိယအကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကျင်းပရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ အာဆီယံလုပ်ငန်းကော်မတီများပေါင်းစည်းရေးကိစ္စရပ်များကို အင်ဒိုနီးရှားနိုင်ငံ ဗဟိုဘဏ်ကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အစည်းအဝေးပူးတွဲသဘာပတိများက နိဂုံးချုပ်အမှာစကားများ ပြောကြားသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)