တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်




MNP ၊ မတ်  ၇

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု ကျောက်နီမော်ကျေးရွာသို့ရောက်ရှိရာ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ကျောက်နီမော်ကျေးရွာရှိ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ယင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၇၅၈ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၃ ဦး၊ ခွဲစိတ်ရောဂါ ၄၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေး ရောဂါ ၂၇ ဦး၊ အရိုးရောဂါ ၁၄၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၇၂ ဦး၊ မျက်စိရောဂါ ၂၀၀ နှင့် သွားနှင့်ခံတွင်းရောဂါ ၃၂ ဦးတို့ကိုလိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူအထွေထွေခွဲစိတ်လူနာငါးဦး၊ မျက်စိခွဲစိတ်လူနာ ၁၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၄၆ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၇၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၂ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူနှစ်ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါသည်-


“မျက်စိက ကြည့်လို့မကောင်းလို့ ဆေးရုံသင်္ဘောကြီးပေါ်မှာ မျက်စိကအစတခြားသောရောဂါတွေဖြစ်တဲ့ အရိုးအကြောတွေပါတယ်ဆိုတော့ ဝမ်းသာအားရနဲ့ လာရောက်ပြသတာပါ။ သက်ဆိုင်တဲ့ မြို့နယ်အုပ်ချုပ်ရေး မှူးကတစ်ဆင့်အသိပေးတဲ့အတွက် သိရပါတယ်။ ဒေသကကျန်းမာရေးနဲ့ပတ်သက်ပြီး အတော်အားနည်းပါတယ်။ မပြည့်စုံတဲ့သူတစ်ဦးအနေနဲ့ အဝေးတစ်နေရာသွားရောက် ကုသမယ်ဆိုလို့ရှိရင် ကုန်ကျစရိတ်က အတော်များပါတယ်။ မတတ်နိုင်ကြပါဘူး။ မတတ်နိုင်တဲ့အတွက် ဖြစ်သလို ဆေးမြီးတိုလေး တွေနဲ့ကုသကြရပါတယ်။ အခုလိုလာပြီး ကုသပေးတဲ့အတွက် အဆင်ပြေသွားပါတယ်။ ဒေသခံတွေကလည်း ပိုပြီးဝမ်းသာအားရဖြစ်မိပါတယ်။ အထူးသဖြင့် ဒီလိုမျိုးဖြစ်မြောက်အောင် လုပ်ဆောင်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တကွ သမားတော်ကြီးတွေ၊ ပါရဂူကြီးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အကုန်လုံးဝိုင်းဝန်းပံ့ပိုးကြသော သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်လို့ရှိရင် နောက်နောင်နှစ်တွေမှာ အခုလိုလာရောက်ပြီး ကျွန်တော်တို့ နေရာဒေသရဲ့ကျန်းမာရေးကို အားကောင်းအောင်လာရောက်ကုသပေးစေချင်ပါတယ်”


“ကျွန်တော်တို့ဒေသက ကျန်းမာရေးနဲ့ပတ်သက်ပြီး အခက်အခဲအများကြီးရှိပါတယ်။ ရမ်းဗြဲကိုသွားမယ်ဆိုရင် ဒီကနေ ၂၅ မိုင်လောက်သွားရပါတယ်။ လမ်းခရီးကလည်းမကောင်းပါဘူး။ တချို့လူနာတွေဆိုရင် ဆေးကုသမယ့်စရိတ်ကို ခရီးသွားရင်းနဲ့၊ ကားငှားရင်းနဲ့ပဲ ပိုက်ဆံတွေကုန်သွားတယ်။ ကျွန်တော်တို့ဆီမှာ အခုလိုပင်လယ်သွား သံလွင်ဆေးရုံ သင်္ဘောကြီးက ဒီလိုပါရဂူတွေ၊ ဆရာဝန်တွေ အများကြီးနဲ့လာပြီး ဆေးကုတော့ ကျွန်တော်တို့ စိတ်ထဲမှာ အများကြီးဝမ်းပန်းတသာဖြစ်ရပါတယ်။ အခုဆိုရင်ဆေးရုံထဲမှာ လူတွေအများကြီး ကုသနေတာတွေ့ရတော့ အများကြီးဝမ်းသာရပါတယ်။ ကျွန်တော့်တစ်သက်မှာလည်း ဒါပထမဆုံးမြင်တွေ့ရတဲ့အတွက် အများကြီးဝမ်းသာရပါတယ်။ အများကြီးကျေးဇူးတင်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေအပေါ်မှာ အခုလိုစေတနာထားပြီးတော့ ဝေးလံခေါင်ဖျားတဲ့ နေရာတွေကို လူတွေကျန်းမာရေးလာပြီးတော့ ကုသနိုင်အောင် စီမံဆောင်ရွက်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကျွန်တော် နိုင်ငံသားတစ်ဦးအနေနဲ့ရော၊ ဆေးကုလာတဲ့ မိဘပြည်သူတွေနေနဲ့ရော သူတို့ရဲ့ကိုယ်စားအထူးပဲကျေးဇူးတင်ပါတယ်။ ”


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)