မြန်မာနှင့် အိန္ဒိယ တိုင်းရင်းဆေးပညာကဏ္ဍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်း ဖလှယ်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနှင့် အိန္ဒိယ တိုင်းရင်းဆေးပညာကဏ္ဍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်း ဖလှယ်ဆွေးနွေး


MNP   -   မတ်   ၂

အိန္ဒိယနိုင်ငံ အာသံပြည်နယ် Guwahati မြို့တွင် မတ် ၂ ရက်မှ ၃ ရက် အထိ ကျင်းပပြုလုပ်သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံနှင့် ပြပွဲတက်ရောက်ရန် အိန္ဒိယနိုင်ငံ၌ ရောက်ရှိနေသော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ အာယုဗေဒဆိပ်ကမ်းနှင့် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး H.E.Shri Sarbanada Sonowal ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် The Radisson Blu Hotel Guwahati ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံပွဲတွင် တိုင်းရင်းဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်တွင် အိန္ဒိယနိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များ လာရောက်ပညာ သင်ကြားပို့ချနိုင်ရေး၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပသော တိုင်းရင်း ဆေးသမားတော်များညီလာခံ၊ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲများနှင့် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲများတွင် အိန္ဒိယနိုင်ငံမှ တိုင်းရင်းဆေးပညာရှင်များ တက်ရောက်၍ အသိပညာဖလှယ်ရေး၊ နှစ်နိုင်ငံ တိုင်းရင်းဆေးပညာရှင်များ လေ့လာရေးခရီး အပြန်အလှန် စေလွှတ်နိုင်ရေး၊ တိုင်းရင်းဆေးဝါးများကို သိပ္ပံနည်းကျ သုတေသနပြုလုပ်၍ ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးနှင့် တိုင်းရင်းဆေးများ ဖော်စပ် ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ရန်အရည်အသွေး ပြည့်ဝသော တိုင်းရင်းဆေးကုန်ကြမ်းပစ္စည်းများ တင်ပို့နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။


အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့မှ တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ အိန္ဒိယနိုင်ငံ အာယုဗေဒဝန်ကြီးဌာနမှ အတွင်းရေးမှူး၊ အာယုဗေဒ အမျိုးသမီးနှင့် ကလေးဖွံ့ဖြိုးတိုးတက်ရေး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံ အာယုဗေဒဝန်ကြီးဌာနမှ တည်ခင်း ဧည့်ခံသော ကြိုဆိုညစာစားပွဲသို့ တက်ရောက်ကြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)