အာဆီယံနိုင်ငံများ၏ သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေး လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံနိုင်ငံများ၏ သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေး လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


MNP   -   မတ်   ၂

အာဆီယံနိုင်ငံများ၏ သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေး လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Borobudur ဟိုတယ်၌ မတ် ၂ ရက်မှ ၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။


ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား


အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မတ် ၂ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် ဖွင့်လှစ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် ပြန်ကြားရေး ညွှန်ကြားရေးမှူးချုပ် Mr. Usman Kansong က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး Ms. Yuliana Bachar က အမှာ စကားပြောကြားပြီး အင်ဒိုနီးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနက အဖွင့်အမှာ စကားပြောကြားကာ တက်ရောက်လာကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးဆိုင်ရာ အဖွဲ့ဝင်များနှင့်မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေး လမ်းညွှန်ချက်များ ထုတ်ပြန်ရန်ရေးဆွဲထားသော မိမိတို့နိုင်ငံ အခြေအနေများနှင့် ချိန်ထိုး၍ ဆွေးနွေးကြသည်။ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တက်ရောက်သော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမြင့်ကျော်က သတင်းတု၊ သတင်းမှား များနှင့် မဟုတ်မမှန် လုပ်ကြံဖန်တီးထားသော သတင်းများကြောင့် မိမိတို့ ရင်ဆိုင်နေရသည့် အခြေအနေများကို ယခုရေးဆွဲမည့် လမ်းညွှန်တွင် ထည့်သွင်းသုံးစွဲရေးနှင့် သတင်းမှားများကြောင့် အပြစ်မဲ့ပြည်သူများ နစ်နာမှုမရှိရေးသည် လူ့အခွင့်အရေးကို အထူးကာကွယ်ရာရောက်ကြောင်း၊ သတင်း မှားများဖြစ်နေမှန်းသိပါလျက် အကြောင်းအမျိုးမျိုးကြောင့် သတင်းမှန်များကို လျစ်လျူရှုခြင်းသည်လည်း သတင်းမှားများ အန္တရာယ်ကာကွယ်ရေး၊ ဒေသတွင်း ကဏ္ဍစုံပူးပေါင်းရေးနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အဟန့်အတားများ ဖြစ်စေနိုင်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ပြည်တွင်းရော ပြည်ပနိုင်ငံများအထိ သတင်းမှန်များ စီးဆင်းရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးသည်။


လမ်းညွှန်ချက်များအဖြစ်


ယခုအလုပ်ရုံဆွေးနွေးပွဲမှ အချက်အလက်များကို ဇွန်လတွင်ကျင်းပမည့် အာဆီယံအဆင့်မြင့် အရာရှိကြီးများနှင့် ဝန်ကြီးများအဆင့် အစည်းအဝေးတွင် အတည်ပြု၍ သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေး လမ်းညွှန်ချက်များအဖြစ် သတ်မှတ်ဆောင်ရွက် မည်ဖြစ်ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက လူကိုယ်တိုင် တက်ရောက်ကြပြီး ကျန်အာဆီယံနိုင်ငံများက အွန်လိုင်းဖြင့် တက်ရောက်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)