ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်မှူးကြီးစိုးအောင်နှင့် ပုသိမ်မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်မှူးကြီးစိုးအောင်နှင့် ပုသိမ်မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲ ကျင်းပ




MNP ၊ မတ် ၈

ကာကွယ်ရေးဝန်ကြီးဌာနဗိုလ်မှူးကြီးစိုးအောင်နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲ အခမ်း အနားကို ယနေ့ နေ့လည်ပိုင်းက ပုသိမ်မြို့နယ် စုပေါင်းရုံအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်မှူးကြီးစိုးအောင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် အခမ်းအနားတက်ရောက်ကြသူများအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုများနှင့် ပတ်သက်၍ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန် ပြောကြားသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပုသိမ်မြို့နယ်အတွင်းရပ်ရွာအေးချမ်းရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ခဲ့မှုများနှင့်ကျေးရွာများသို့ စစ်ကြောင်းကြီးငါး ကြောင်းဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆွေးနွေးတင်ပြခြင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဆွေးနွေးတင်ပြခြင်း၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ဆွေးနွေးတင်ပြခြင်း၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှ ဆွေးနွေးတင်ပြခြင်း၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခြင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆွေးနွေးတင်ပြခြင်း၊ မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြခြင်း၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆွေးနွေးတင်ပြခြင်း၊  မြို့အုပ်ချုပ်ရေးမှူးများမှ ဆွေးနွေးတင်ပြခြင်း၊ မြို့ပေါ်ရှိအသေးစားလုပ်ငန်းလုပ်ကိုင်နေမှုများနှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးတင်ပြခဲ့ကြသည်။

တင်ပြချက်များအား ကာကွယ်ရေးဝနိကြီးဌာန ဗိုလ်မှူးကြီးစိုးအောင်မှ ပြန်လည်၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment