ပုသိမ်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိ




MNP ၊ မတ် ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုလျက် ရှိကြသည်။

ပုသိမ်မြို့နယ်တွင် စာစစ်ဌာန(၁၁)ခု၌ အတွင်းဖြေကျောင်းသား/သူ (၂၇၃) ဦး၊ အပြင်ဖြေ ကျောင်းသား/သူ (၁၃၄၇)ဦး၊ စုစုပေါင်း (၁၆၂၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်း  ၉၀.၄၀% ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက စာစစ်ဌာနအသီးသီးတို့တွင် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment