ကြံခင်းမြို့နယ်တွင် ဆီထွက်သီးနှံ(ဆောင်းနေကြာ)စံကွက်ရိတ်သိမ်း ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်တွင် ဆီထွက်သီးနှံ(ဆောင်းနေကြာ)စံကွက်ရိတ်သိမ်း ပွဲကျင်းပ



MNP ၊ မတ်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ်၊  ဆီထွက်သီးနှံ(ဆောင်းနေကြာ)  စံကွက်ရိတ်သိမ်းခြင်းကို  ယမန်နေ့နံနက်ပိုင်းက  ဘက်ရဲမြို့၊ အမှတ်(၁) ဘုရားဖြူကုန်း   တောင်သူဦးကိုလတ်၏   လယ်မြေတွင်  ကျင်းပပြုလုပ်သည်။


အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု  တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊  မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးစတိုင်းသာယာနှင့် တာဝန်ရှိသူများ၊  မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက ကွင်းအမှတ်(၅၈)၊ ဦးပိုင်အမှတ်(၆၁/၁)၊ စိုက်ဧက(၂.၀၀)ရှိ တောင်သူ ဦးကိုလတ်၏ ရေဆင်းစပ်မျိုး-၁ ဖြစ်ပြီး၊ စံကွက်ရိတ်သိမ်းရာ အစိုတင်းအထွက်နှုန်း (၁၀.၆၃)တင်း ထွက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  တာဝန်ရှိသူထံက သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)