လွိုင်လင်မြို့ ဂေါက်ကွင်းလမ်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့ ဂေါက်ကွင်းလမ်းဖွင့်ပွဲကျင်းပ


MNP ၊ မတ်  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) အမှတ်(၂)ရပ်ကွက်၊ ဂေါက်ကွင်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းပြီး၍ လမ်းဖွင့်ပွဲကို ယနေ့ နံနက် ၇ နာရီ ၃၀ က ဖွင့်ပွဲအခမ်းအနားကျင်းပရာ လွိုင်လင်တပ်နယ်မှ ဗိုလ်မှူးကြီး ကျော်ဇေမင်း တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


လမ်းဖွင့်ပွဲ အခမ်းအနားတွင် လွိုင်လင်ဂေါက်ကလပ် အဖွဲ့ဝင် ဦးခွန်သာထွန်းမှ ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်းအစီအစဉ်ကိုကျင်းပပါသည်။ ယင်းအစီအစဉ်တွင်  လွိုင်လင်တပ်နယ်မှ ဗိုလ်မှူး ဗိုလ်မှူးကြီး ကျော်ဇေမင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ စည်ပင် သာယာရေးအမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးနှင့် ဂေါက်ကလပ်ဥက္ကဋ္ဌ ဦးခွန်စိုးမြင့် တို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost 




No comments:

Post a Comment