ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးမှု ရာနှုန်းပြည့်အမြန်ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးမှု ရာနှုန်းပြည့်အမြန်ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်


MNP ၊ မတ်  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နွေစပါးလျာထားစိုက်ပျိုးဧက (၁၁၄၁၂)ဧက စိုက်ပျိုးရန်ဆောင်ရွက်ထားရှိရာ တောင်သူများ၏ လယ်မြေများတွင်သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်အမြန်စိုက်ပျိုးပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ကကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက တာဝန်ကျကျေးရွာများအလိုက် မြေပြင်ကွင်းဆင်းစစ်ဆေးရာ ယမန်နေ့က ကျွဲပေါင်ပင်ကျေးရွာအုပ်စုအတွင်းရှိ နွေစပါးစိုက်ကွင်းများသို့သွားရောက်ကာ တောင်သူများနှင့်တွေ့ဆုံပြီး နွေစပါးစိုက်ဧကများသတ်မှတ်ကာလအတွင်း ကွင်းပိတ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်များဖြစ်သော ပျိုးထောင်စိုက်ပျိုးခြင်း၊ Dram Seeder (မျိုးစေ့ချကိရိယာ)အသုံးပြု စိုက်ပျိုးသည့်စနစ်များကို ပိုမိုစိုက်ပျိုးရန်တို့ကို မှာကြားဆောင်ရွက်ခဲ့သည်။ ပေါက်ခေါင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့်လည်း နွေစပါးဧက(၆၈၈၀)ကို စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သန်းထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)