မြစ်သားမြို့နယ်တွင် ကြက်သွန်နီများအထွက်နှုန်းကောင်းမွန်ပြီး စျေးနှုန်းတည်ငြိမ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်တွင် ကြက်သွန်နီများအထွက်နှုန်းကောင်းမွန်ပြီး စျေးနှုန်းတည်ငြိမ်လျက်ရှိ


MNP ၊ မတ်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကြက်သွန်နီပွဲရုံများသို့ ဒေသခံတောင်သူများ စိုက်ပျိုးသည့် ကြက်သွန်နီကုန်ဝင်များလျက်ရှိပြီး စျေးနှုန်းတည်ငြိမ်မှုရှိကြောင်း သိရသည်။


မြစ်သားမြို့နယ်တွင် ဒေသခံတောင်သူများက ကြက်သွန်နီများကို မိသားစုဝင်ငွေရရှိရေးအတွက် အဓိက စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ထွက်ရှိသောကြက်သွန်နီများကို မြစ်သားကြက်သွန်ပွဲရုံများသို့ နေ့စဥ်တင်ပို့ရောင်း ချပြီးကုန်ချိန်(၁၀၀၀၀)အထက်ဝင်ရောက်၍ အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။


 မြစ်သားကြက်သွန်ပွဲရုံများက ရန်ကုန်ဘုရင်နောင်ကြက်သွန်ပွဲရုံများသို့ နေ့စဥ်စျေးနှုန်းအပေါ်မူတည်ပြီး ရောင်းဝယ်ပြုလုပ်နေကြောင်း၊ လက်ရှိ ကြက်သွန်နီစျေးနှုန်းမှာ အမြင့်ဆုံးစျေးတစ်ပိဿာ(၁၂၀၀ိ/)ဖြင့် ဝယ်ယူလျက်ရှိပြီး ကြက်သွန်နီများကို မြစ်သားမြို့နယ်မှ မူဆယ်မြို့သို့ တင်ပို့ရောင်းချသလို မြဝတီနှင့်အခြားသော မြို့နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ နေ့စဥ်ကုန်ချိန် (၉၀၀၀)နှင့်(၁၀၀၀၀)ပိဿာကျော် တင်ပို့ရောင်းချနေရကြောင်း၊ ကြက်သွန်နီ စိုက်ပျိုးတောင်သူများမှ လက်ရှိစျေးဖြင့် အဆင်ပြေမှုရှိအောင် အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး ကြက်သွန်စျေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း ဒေသခံတောင်သူများနှင့်ကြက်သွန်ပွဲရုံပိုင်ရှင် ဦးသိန်းနိုင်အေးထံမှ သိရသည်။


ဝင်းမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)