မြောက်ဦးမြို့၌ နယ်မြေခံတပ်မတော်သားများ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင် များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ နယ်မြေခံတပ်မတော်သားများ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင် များ ဖြန့်ဝေ





MNP ၊ မတ်  ၂၃

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက် မည့် (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို နယ်မြေခံ တပ်မတော်သားများ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့ပူးပေါင်း၍  ရန်ကုန်-စစ်တွေ လမ်းမ ကြီး ၌ ခရီးသွားပြည်သူများကို ယနေ့ နံနက် ၉ နာရီအချိန်က အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


(၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေခြင်းဖြစ်ပြီး လက်ကမ်းစာ စောင် တွင် ပါရှိသော ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ ၊ (၇၈) နှစ် မြောက် တပ်မတော်နေ့ ဦးတည်ချက်များ ၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပုံ၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူမင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ကဗျာ ၊ ကာတွန်း နှင့် ဆောင်ပုဒ်များ ပါရှိသည့် လက်ကမ်းစာစောင်များကို ရန်ကုန်-စစ်တွေ လမ်းမ ကြီး ၌ ခရီးသွား ပြည်သူများကို အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အခမဲ့ဖြန့်ဝေပေးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)