အင်္ဂပူမြို့တွင် ဗုဒ္ဓဘာသာသုတအဖြာဖြာနှင့် English Grammer သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့တွင် ဗုဒ္ဓဘာသာသုတအဖြာဖြာနှင့် English Grammer သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်



MNP ၊ မတ်  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့ သာသနာ့ဗိမာန်တော်၌ ယနေ့နံနက်ပိုင်းက ပရိယတ္တိပျိုးခင်းဆရာတော်များဦးစီး၍ အင်္ဂပူမြို့နယ်အသင်း (ရန်ကုန်/ဌာနေ)နှင့် မြို့မိ၊ မြို့ဖများ ပူး‌ပေါင်းဖွင့်လှစ်သည့် ဗုဒ္ဓဘာသာသုတအဖြာဖြာနှင့် English Grammer သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။


အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီးပရိယတ္တိ ပျိုးခင်းသာသနာ့ ပြန့်ပွားရေးအဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (ဓမ္မာစရိယ)ထံမှ ငါးပါးသီလခံယူဆောက် တည်ခဲ့သည်။ထို့ နောက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ၊ ဇေယျသုခကျောင်း ဆရာတော်ဦးရေဝတဓမ္မမှ သင်တန်းဆင်း ဩဝါဒစကားမိန့်ကြားခဲ့သည်။ ထို့နောက် သင်တန်းဆင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့မိ၊ မြို့ဖများမှ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး မြို့မိ၊ မြို့ဖ ဦးမောင်မောင်က သင်တန်းဖွင့်လှစ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပရိယတ္တိပျိုးခင်း သာသနာ့ပြန့်ပွားရေးအဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တနန္ဒာစရိယ (သာသနဓဇဓမ္မာစရိယ)နှင့် ဘဒ္ဒန္တအဂ္ဂသာရ (သာသနဓဇဓမ္မာစရိယ)တို့မှ အနု‌မောဒနာတရားချီးမြှင့်ခဲ့‌ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် ပရိယတ္တိပျိုးခင်းအဖွဲ့ဝင် ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အင်္ဂပူမြို့ရပ်မိရပ်ဖများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပြီး သင်တန်းကို မတ်လ(၇)ရက်နေ့မှ မတ်လ(၂၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။


မန်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)