တောင်ကုတ်မြို့နယ်ရုံး၌ ကျန်းမာသက်ရှည်ခြင်းဆိုင်ရာနည်းပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်ရုံး၌ ကျန်းမာသက်ရှည်ခြင်းဆိုင်ရာနည်းပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ




MNP ၊ မတ်  ၂၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံး ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်မျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ကို ယနေ့ နံနက်(၁၁)နာရီအချိန်တွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ရုံး ဒုတိယဦးစီးမှူး ဒေါ်သန်းနု နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အိအိငြိမ်းတို့ က အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် စာဖတ်ဝိုင်းများ ပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် အဖွဲ့ဝင်များ က စာရးဆရာ ရူပါသိမ်း ရေးသားသည့် ကျန်းမာသက်ရှည်ခြင်း ဆိုင်ရာ နည်းပညာ စာအုပ်ပါ မီးဖိုချောင်တွင်း မှ လှပကျန်းမာနည်းပညာ ၊ ဆန္ဒနှင့်အညီ ဖွံ့ထွားလာစေမည့်နည်း ၊ ကိုယ်ဝန်ဆောင်ကျန်းမာရေးအတွက် ယောဂလေ့ကျင့်နည်းနှင့် ခန္ဓာကိုယ်အလေးချိန်ကျစေမည့် မီးဖိုချောင်အတွင်းပြောင်းလဲခြင်း ဆောင်းပါးများ ကိုဖတ်ကြားဆွေးကြပြီး ဒုတိယဦးစီးမှူး ဒေါ်သန်းနု နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အိအိငြိမ်း တို့ကဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)