MNP ၊ မတ် ၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ ကလးသူငယ်အခွင့်အရေးများ ပိုမိုရရှိစေရေးအတွက် ကလေးသူငယ်ဆိုင်ရာ ဥပဒေများကို ပြဌာန်းခဲ့ပြီး ဖြစ်ကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ် ကလေးသူငယ်ဆိုင်ရာကော်မတီဝင်များအနေဖြင့် ကလေးသူငယ်အခွင့် အရေးနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး ဝိုင်းဝန်လက်တွဲ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပုဏ္ဏားကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်းက ကလေး သူငယ်များ အခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့ကိုရှင်းလင်းပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းဇံက လူ့အခွင့်အရေးအဓိပ္ပါယ်နှင့် လူ့အခွင့် အရေးတွင်ပါဝင်သည့်အချက် အလက်များ၊ ကလေးသူငယ်အခွင့် အရေးဆိုင်ရာ သဘောတူစာချုပ်မှ သိသင့် သိထိုက် သည့် အခွင့်အရေးနှင့်မူဝါဒများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်
လျက်ရှိသည့် လုပ်ငန်းကြီး(၇)ရပ်နှင့် ကလေးသူငယ်များအတွက် ထောက်ပံ့ပေးနေမှု အခြေ အနများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တက်ရောက် လာကြသည့် အဖွဲ့ဝင်များက ကလေး သူငယ် အခွင့်အရေးဆိုင်ရာတို့ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost



No comments:
Post a Comment