ပုဏ္ဏားကျွန်းမြို့၌ နွေရာသီကာလ အခြေခံအားကစားသင်တန်းများဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ နွေရာသီကာလ အခြေခံအားကစားသင်တန်းများဆင်းပွဲကျင်းပ






MNP ၊ မတ်  ၂၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့်  နွေရာသီ အခြေခံအားကစား သင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့၊ ညနေ(၃)နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ ၌ကျင်းပခဲ့သည်။


   သင်တန်းဆင်းပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက နွေရာသီကာလ အားကစားသင်တန်းများကို နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒနှင့်အညီ “မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားဆီသို့” ဆောင်ပုဒ်အတိုင်း မြင့်မားတဲ့ ရည်မှန်းချက်၊ တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်ကြောင်း၊ သင်တန်းသား ကျောင်းသားလူငယ်များအနေဖြင့် ထူးချွန်ထက်မြက်တဲ့ လူရည် ချွန်မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


   ဆက်လက်၍ မြန်မာ့သိုင်း၊ ကရာတေးဒို၊ စားပွဲတင်တင်းနစ်၊ Fitness Dance၊ ဘောလုံး၊ ဘောလီဘောစသည့် သင်တန်းသား/သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးဦးကျော်နုနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီး မှူး ဦးခင်မောင်ဌေးတို့က အားကစားနည်းအလိုက် သင်တန်းဆင်းလက်မှတ်များအား ချီးမြှင့် ပေးအပ်ခဲ့ကြပြီး၊ မြန်မာ့သိုင်း၊ ကရာတေးဒို၊ အေရိုဗစ်သင်တန်းသား/သူတို့က အားကစား နည်းများအလိုက် သရုပ်ပြဖျော်ဖြေပေးကြသည်။


အဆိုပါသင်တန်းများကို သက်ဆိုင်ရာအားကစားနည်းအလိုက် ရက်ပေါင်း (၂၀)ကြာ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး၊ ဒေသခံသင်တန်းသား ကျောင်းသားလူငယ်(၂၀၀)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူးထံမှသိရသည်။ 


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)