MNP ၊ မတ် ၂၂
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ၊ အခြေခံပညာ အထက်တန်း ၊အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းအား အမှတ်(၁)နှင့်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင်ဒုတိယနေ့အဖြစ်ဆက်လက် ပို့ချလျက်ရှိ ကြောင်းသိရ သည်။
ထိုသို့ဖွင့်လှစ်ရာတွင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းအား အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း ၊ အခြေခံပညာအလယ်တန်းအဆင့်စွမ်းရည် မြှင့်သင်တန်းကိုအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း သင်ကြားပို့ချလျက်ရှိရာ အခြေခံပညာအလယ်တန်းအဆင့်တွင် ဆရာ၊ဆရာမ(၈၉၀)ဦး ၊ အထက်တန်းအဆင့်တွင် ဆရာ၊ဆရာမ (၂၅၆)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာမတ်လ(၂၁)ရက်နေ့မှ(၂၄)ရက်နေ့ထိ (၄)ရက် ဖွင့်လှစ် မည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment