တောင်ကုတ်မြို့၌ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဒုတိယနေ့အဖြစ်ဆက်လက်ပို့ချလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဒုတိယနေ့အဖြစ်ဆက်လက်ပို့ချလျက်ရှိ




MNP ၊ မတ်  ၂၂

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ၊ အခြေခံပညာ အထက်တန်း ၊အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းအား အမှတ်(၁)နှင့်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင်ဒုတိယနေ့အဖြစ်ဆက်လက် ပို့ချလျက်ရှိ ကြောင်းသိရ သည်။


ထိုသို့ဖွင့်လှစ်ရာတွင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းအား အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း ၊ အခြေခံပညာအလယ်တန်းအဆင့်စွမ်းရည် မြှင့်သင်တန်းကိုအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း သင်ကြားပို့ချလျက်ရှိရာ အခြေခံပညာအလယ်တန်းအဆင့်တွင် ဆရာ၊ဆရာမ(၈၉၀)ဦး ၊ အထက်တန်းအဆင့်တွင် ဆရာ၊ဆရာမ (၂၅၆)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာမတ်လ(၂၁)ရက်နေ့မှ(၂၄)ရက်နေ့ထိ (၄)ရက် ဖွင့်လှစ် မည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)