MNP ၊ မတ် ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှလုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေး ခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင် မှ ပူပြင်းခြောက်သွေ့သောနွေရာသီ ရောက်ရှိ လာပြီဖြစ်၍ မြို့ပေါ်ရပ်ကွက် များရှိ ရေသန့်စက်ရုံများသို့ သွားရောက်၍ ရေသန့်စံညီစံညွှန်း နှင့် ကိုက်ညီမှု ရှိမရှိ သက်ဆိုင် ရာဌာန များမှ ကွင်းဆင်းစစ်ဆေးမှုအပေါ် ရှင်းလင်းပြောကြားခြင်း၊ မြို့ပေါ်ရပ်ကွက် များတွင် ရေပြတ် လပ်မှုမရှိစေရေး ရေသည် ကား ကြီး သုံးစီးဖြင့် ရေပေးဝေနိုင်စေရန် မြို့နယ်စည် ပင်သာ ယာ ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တို့ပူးပေါင်း၍ လုပ်ဆောင်ကြစေရန် မီးဘေးအန္တရာယ် လုံခြုံရေး မြို့ပေါ်ရပ်ကွက်အတွင်း လှည့် လည်နှိုးဆော်ကြရန် စသည်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး တင်ထူးလှိုင် မှလည်း ကိုဗစ်ကာ ကွယ်ဆေး မထိုးနှံဘဲကျန်ရှိနေသော ပြည်သူများ ထိုးနှံကြရန် သက်ဆိုင်ရာ ဌာနဆိုင် ရာဝန် ထမ်း များ ပူးပေါင်း၍ နှိုးဆော်ကြရန် တို့ကိုပြော ကြားခဲ့ပြီး နောက် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့၊ အတွင်း ရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး က လည်း လမ်း၊စည်းကမ်း၊ ယာဉ်စည်းကမ်းများ ကို မြို့ပေါ် ရပ်ကွက်များသို့ သွား ရောက်၍ ကွင်းဆင်းလုပ် ဆောင်လျှက်ရှိသည်တို့ကို ပြောကြားခဲ့သည်။
ခရိုင်အဆင့်ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များသည်များကို ပြောကြား ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မှခရိုင်အဆင့် ဌာ နဆိုင်ရာများ၏ လုပ်ငန်းများအပေါ် ပေါင်း စပ် ညှိနှိုင်းခဲ့ ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost




No comments:
Post a Comment