ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများက လက်ခံသည့်မှန်ကန်မျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်ရေးဆောင်ရွက်နေမှုကိစ္စရပ်များ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများက လက်ခံသည့်မှန်ကန်မျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်ရေးဆောင်ရွက်နေမှုကိစ္စရပ်များ ဆွေးနွေး


MNP ၊ မတ်  ၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သောအဖွဲ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် တရုတ်သံအမတ်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများနှင့်စပ်လျဉ်းသည့်အခြေအနေ၊ တည်ငြိမ်အေးချမ်းစွာဖြင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊နည်းဥပဒေများပြဋ္ဌာန်းခဲ့မှု၊ နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လာရောက်လျှောက်ထားမှုနှင့် စိစစ်ဆောင်ရွက်နေမှု၊ လာမည့်ရွေးကောက်ပွဲများတွင် အီလက်ထရောနစ် မဲပေးစက်အသုံးပြုနိုင်ရေးဆောင်ရွက်နေမှု၊ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဆောင်ရွက်မည့်အခြေအနေ၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများကလက်ခံသည့် မှန်ကန်မျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်ရေး ဆောင်ရွက်နေမှု၊ ဆန္ဒမဲပေးခွင့်ရှိသူများ ဥပဒေနှင့်အညီ မဲပေးနိုင်ရေးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စရပ်များနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)