ရွှေတောင် မြို့နယ် ၌အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင် မြို့နယ် ၌အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေထုတ်ပေး



MNP ၊ မတ်  ၂၂

ပဲခူးတိုင်းဒေသကြီး ၊ ပြည် ခရိုင် ၊ရွှေတောင်မြို့နယ်   မြန်မာ့စီးပွါးရေးဘဏ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉:၀၀)နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


​​ရွှေတောင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ ငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ   နံနက် (၉:၀၀)နာရီ မှ မွန်းလွဲ (၂:၀၀)ထိ ထုတ်ပေးသွား မည်ဖြစ်ပြီး  အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ မြို့ ပြ ပင်စင် ( ၇၉၅)ဦး၊ကာကွယ်ရေးပင်စင် ( ၁၀၅၃)ဦး၊နိုင်ငံရေးပင်စင် ( ၁၁၂) ဦး ဘဏ်ပင်စင် (၁၇) ဦး စုစုပေါင်း (၂၃၇၇)ဦး ရှိကြောင်း သိရသည်။


အဆိုပါအငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကြိုတင်ထုတ်ပေးခြင်းအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီသက်တောင့်သက်သာစိတ်အေးချမ်းသာစွာ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


ကိုကို မင်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)