MNP ၊ မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန်မှုအရ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ကြီးကြပ်မှုဖြင့်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုများ လစဥ်ပုံမှန် ( ၂၁) ရက်နေ့မှ (၂၂) နေ့ထိ နှစ်ရက်တာပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးသန့် ဦးဆောင်လမ်းညွှန်မှုဖြင့်တာဝန်ကျ ဆရာဝန်များနှင့် ဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုး၊နှလုံး၊ဆီးချိုရောဂါများနှင့် အခြားလိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို လစဥ် ( ၂၁)ရက်နှင့် ( ၂၂) ရက်နေ့များတွင်ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုများကို လစဥ်ပုံမှန် ( ၂၁) ရက်နေ့မှ (၂၂) နေ့ထိ ဆောင်ရွက်ရာတွင် လစဥ် ပုံမှန် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကျား( ၂၄) ဦး၊ မ (၃၀) ဦးစုစုပေါင်း ( ၅၄) ဦး တို့အား ကျန်းမာရေးဝန်ဆောင်မှုများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment