တောင်ကုတ်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကုတ်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်


MNP ၊ မတ်  ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံး ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဦးမြင့်ရွှေ က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ရသည့်ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးမှ အငယ်တန်းစာရေး ဦးငြိမ်းသူနိုင် က ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ မေးမြန်းရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာန မှ ဒုတိယဦးစီးမှူး ဦးသန့်ဇင်ဖြိုး က ကလေးသူငယ်ဆိုသည်မှာ အသက်(၁၈)နှစ်မပြည့်သေးသောသူကို ဆိုလိုကြောင်း ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပုဒ်မ(၁၈)တွင် ကလေးသူငယ်တိုင်းသည် အသက် ရှင်သန်ရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး ၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူ့အဖွဲ့အစည်းတွင် ပါဝင်ဆက်ဆံခွင့် ရရှိစေရေးတို့အတွက်အခွင့်အရေးများရှိပါကြောင်း ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပ‌ဒေတွင် ကလေးသူငယ်များအတွက် အခွင့်အရေးများရှိသကဲ့သို့ ကလေးသူငယ်တိုင်း အသက် အရွယ်အလိုက် လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်း(၆)ချက်ရှိကြောင်း ၊ ကလေးသူငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာအကြမ်း ဖက်ခြင်း ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ခေါင်းပုံဖြတ် ခြင်းများမပြုလုပ်နိုင်အောင် တားဆီးကာကွယ်ရန်လိုအပ်ကြောင်းရှင်းလင်း ဆွေးနွေးသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးသည် အများပြည်သူ အသိပညာဗဟုသုတတိုးပွားစေမည့် အကြောင်းအရာများကို ရိုက်ကူး၍ Online မှတစ်ဆင့်ထုတ်လွှင့် ပေးလျက်ရှိ ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)