ပေါက်တောမြို့၌ နွေရာသီကရာတေးသင်တန်း အခမဲ့ ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့၌ နွေရာသီကရာတေးသင်တန်း အခမဲ့ ဖွင့်လှစ်




MNP ၊ မတ်  ၂၁

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍နွေရာသီ လူငယ်များ ကရာတေးပညာအရည်အသွေး တိုးတက်လာပြီး တွေ့ကြုံလာရမည့် အန္တရာယ်များကို ကာကွယ်နိုင်စေရေးအတွက် ကရာတေးသင်တန်းကို မတ်၂၁ ရက် ညနေပိုင်းက ပေါက်တောမြို့ အားကစားခန်းမတွင် ဖွင့်လှစ်သည်။


သင်တန်းကို  ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး သင်တန်းကို စတင်သည်။ 


အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာအဖြစ် HIKARI ကရာတေးအဖွဲ့ မှ ဆရာ ၃ ဦးက သင်ကြားပေးလျက်ရှိပြီး သင်တန်းသား သင်တန်းသူ ၅၀ ဦး တက်ရောက်ကာ သင်တန်းကို မတ် ၂၁ မှ ဧပြီ ၅ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ဆက်လက်ပြီး ဘောလုံး၊ပိုက်ကျော်ခြင်း၊ပြေးခုန်ပစ် နှင့် ကြက်တောင်ရိုက်စသည့် အားကစားနည်းများကိုလည်းဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြမင်းထွန်း ကပြောကြားသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)