MNP ၊ မတ် ၂၁
အခြေခံပညာဦးစီးဌာနမှကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့်(ခရိုင်အဆင့်) ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သံတွဲခရိုင် ပညာရေးမှူး ဒေါ်ဝိုင်းစိန် က ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့်(ခရိုင်အဆင့်) ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆွေးနွေးပွဲစည်းမျဉ်း စည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့်(ခရိုင်အဆင့်) ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲ များကို သံတွဲမြို့ပေါ်ရှိ အထက(၁)၊ အထက(၂)နှင့် အထက(ခွဲ) မြို့မ ကျောင်းများတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ ဘာသာရပ်များအား နံနက် ၉ နာရီမှ ၁၆၀၀ နာရီထိ ဆွေးနွေးမှုများပြုလုပ်သွားမည်ပြီး သံတွဲခရိုင်အတွင်းရှိအခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ဆရာ၊ ဆရာမ (၂၂၉)ဦး ၊ နည်းပြ (၁၈)ဦး စုစုပေါင်း (၂၄၇)ဦးနှင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၇၀၉))ဦး ၊ နည်းပြ (၂၆)ဦး စုစုပေါင်း (၇၃၅)ဦးတက်ရောက်ကြပြီး ဆွေးနွေးပွဲကာလမှာ မတ် ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၄ ရက်ကြာဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးထံမှသိရှိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment