အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်)ဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်)ဆွေးနွေးပွဲ ကျင်းပ




MNP ၊ မတ် ၂၈

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ သင်ရိုးသစ် အကောင်အထည်ဖော်ရေး အစီအစဉ်အရ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။


အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းက တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးစောသိန်းဝင်းက အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြောကြားသည်။


၎င်းဆွေးနွေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ နံက်နက် (၉) နာရီမှ ညနေ (၄) နာရီအချိန်အထိ လေးရက်ကြာ ကျင်းပဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲတွင် နည်းပြဆရာ ဆရာမ (၃၈)ဦး၊ မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ ဆရာမ (၁၁၀၆)ဦး တက်ရောက်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။


မျိုးမင်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)