ဘီးလင်းမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်း အဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘီးလင်းမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်း အဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲပြုလုပ်



MNP ၊ မတ် ၂၈

     မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ​ဆွေးနွေးပွဲကိုယနေ့နံနက် ၉ နာရီက ဘီးလင်းမြို့နယ် အထက(ဘီးလင်း)ကျောင်း၊ ပညာ့အားမာန် ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။


   အခမ်းအနားတွင် ဘီးလင်းမြို့နယ်ပညာရေးမှူးဒေါ်ညွှန့်ရီကအဖွင့်အမှာ စကားပြောကြားပြီး ဒုတိယ မြို့နယ်ပညာရေးမှူး ဦးတင်မွန်က သင်တန်း ဆိုင်ရာ ကိစ္စရပ်များကို ပြောကြားသည်။


ထို့နောက် လက်ထောက်မြို့နယ် ပညာရေးမှူး ဦးခင်စိုးက သင်တန်း၏ လုပ်ငန်းစဉ် များကို ရှင်းလင်း ပြောကြားခဲ့သည်။


 အဆိုပါ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းသို့ ဘီးလင်း မြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ၊ဆရာမ( ၈၆၁) ဦးတက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ ဆရာ၊ဆရာမ ၂၉ ဦးတို့က နံနက် ၉ နာရီမှ ညနေ ၄နာရီ အထိ ၄ ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ထူးနောင်  

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)