ပုဏ္ဏားကျွန်းမြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်





MNP ၊ မတ်  ၂၁

        ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Rakhine Art ပန်းချီသင်တန်းကျောင်းနှင့်ပူးပေါင်း၍ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံပန်းချီးရေးဆွဲနည်း သင်တန်းကို ယမန်နေ့၊ နေ့လယ်(၁)နာရီက စပြီးဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည်။ 


    သင်တန်းဖွင့်ပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေးနှင့်ပြည်သူ့ကြည့်တိုက်သို့ လာရောက်ပြီး စာပေဗဟုသုတများကို လေ့လာဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


    ထိုနောက် Rakhine Art ပန်းချီသင်တန်းကျောင်းမှ ဆရာမ ဒေါ်နှင်းအိအိလင်းက သင်တန်းအစီအစဉ်နှင့်သင်တန်းစည်းကမ်းများအားရှင်းလင်းပြောကြားပြီး၊ အဆိုပါ သင်တန်း သို့ အခြေခံပညာမူလတန်း(လွန်) အဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတက်ရောက်ကာ မတ်လ(၂၀)ရက်မှ(၃၁)ရက်နေ့အထိ၊ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဟုသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)