တံတားဦးမြို့နယ်တွင် မေမြို့ပန်းစိုက်ပျိုးရောင်းချသူများ ပုံမှန်ဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် မေမြို့ပန်းစိုက်ပျိုးရောင်းချသူများ ပုံမှန်ဝင်ငွေရရှိ




MNP ၊ မတ်  ၇

တံတားဦးခရိုင် တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာတွင် စိုက်ပျိုးထားသော မေမြို့ပန်းစိုက်ခင်းများ  အထူးကောင်းမွန်ပြီး နုတ်ယူရောင်းချချိန်တွင် ဈေးကောင်းရရှိပြီး ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက် ရှိကြောင်း ဇီးပင်ကွေ့ကျေးရွာ မေမြို့ပန်းစိုက်ပျိုးရောင်ချသူ ဦးထွန်းထွန်းထံမှ သိရသည်။


မေမြို့ပန်းများကို နတ်တော်လတွင် စတင်စိုက်ပျိုးကာ ပျိုးထောင်ပြီးအပင်ပေါက်ပြီး ရက်ပေါင်း (၃၀)အချိန်တွင် မိမိစိုက်ပျိုးမည်နေရာသို့ ပြောင်းရွေ့စိုက်ပျိုးကြကြောင်းသိရသည်။ မိမိပြောင်းရွှေလိုသော  မြေကွက်ကို ထွန်ယက်ထားပြီး အနံလေးပေခွဲ  အလျားကိုးပေရှိ ဘောင်များ ပြုလုပ်ထားကြသည်။ စိုက်ပျိုးရာတွင်လည်း အပင်ပေါက်များကို လေးလက်မပတ်လည်ဖြင့် စိုက်ပျိုးကြပြီး သုံးလအကြာတွင် မေမြို့ပန်းမှ အဖူးအပွင့်များ ဖူးပွင့်ဝေဆာပြီး စတင်နုတ်ယူကာ ရောင်းချရကြောင်း သိရသည်။


ဇီးပင်ကွေ့ကျေးရွာမှ ထွက်ရှိသော ပန်းများကို ကျေးရွာအတွင်းမှ ဈေးသည်များက လာရောက်ဝယ်ယူကြသလို အချို့မှာ မိမိတို့ကိုယ်တိုင် တံတားဦးမြို့မဈေးသို့ သွားရောက်ရောင်းချကြသည်၊ မေမြို့ပန်းများကို ရောင်းချရာတွင် သုံးပင်(သို့မဟုတ်)လေးပင် တစ်စည်းကို ၅၀၀ ကျပ်ရရှိသလို လက်တစ်စုပ်အစည်းတစ်စည်းကို ၁၅၀၀ကျပ်အထိ ရရှိ၍ ဈေးနှုန်းမှာ ကောင်းမွန်ပြီး တစ်ရက်ချန် တစ်ခါနုတ်ယူရောင်းချလျှင် ပန်းအစည်းရေ ၁၀၀ မှ ၁၅၀ အထိရရှိကြောင်း ဇီးပင်ကွေ့ကျေးရွာ မေမြို့ပန်းစိုက်ပျိုးရောင်းချသူများထံမှ သိရသည် ။


ဦးရဲတင့်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)