ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP ၊ မတ်  ၇

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကြိုတင်သတိပေးစနစ်နှင့်သဘာဝဘေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အထက်မြန်မာပြည်ဌာနခွဲ(မန္တလေးမြို့)မှ ညွှန်ကြားရေးမှူးဦးကျော်လွင်ဦးက အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းကို တစ်ရက်တာဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲခြင်း၊ ကြိုတင်သတိပေးစနစ်၊ အရေးပေါ်ရှာဖွေကယ်ဆယ်ခြင်း၊ မြေငလျင်ဘေးသိမှတ်ဖွယ်ရာ၊ မိုးခေါင်မှုဘေး၊ မိုးလေဝသဆိုင်ရာဘေးများ၊ ရာသီဥတုဆိုင်ရာဘေးများအကြောင်းကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိတ္ထီလာ) ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၊ ခရိုင်မီးသတ်ဦးစီးဌာနရုံးတို့ တာဝန်ရှိသူများက သင်တန်းပို့ချမည်ဖြစ်သည်။


အဆိုပါသင်တန်းသို့ ခရိုင်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးပရဟိတအသင်းအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် သဘာဝဘေးဆိုင်ရာများကို စိတ်ဝင်စားသူများသူများ တက်ရောက်ကြောင်း သိရသည်။


ချမ်းသာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment