ကျေးလက်ထွက်ကုန်များ လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်ရေး ကျောက်ဆည်-တံတားဦးမြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် မြောင်းဦးကျေးရွာလမ်းအား ဂျင်းကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးလက်ထွက်ကုန်များ လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်ရေး ကျောက်ဆည်-တံတားဦးမြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် မြောင်းဦးကျေးရွာလမ်းအား ဂျင်းကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ပေး



MNP ၊ မတ်  ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေးအတွက် ကျေးလက်လမ်း၊ တံတားများ တည်ဆောက်ခြင်း/ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ထွက်ကုန်များ လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်ရေး ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့် မြောင်းဦးကျေးရွာလမ်းအား ဂျင်းကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါလမ်းအား ဂျင်းကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုမန္တလေးတိုင်းဒေသကြီး (သာမန်)ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၃၀.၀၀)အကုန်အကျခံကာ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူပြီး လမ်းအရှည်(၀.၅)မိုင်၊ အကျယ် (၁၆)ပေ၊ ထု(၃)လက်မ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်သဖြင့် အဆိုပါလမ်းအား အဓိက အသုံးပြုနေသော မြောင်းဦးကျေးရွာနှင့် မြင့်ကြီးတန်းကျေးရွာမှ အိမ်ခြေ(၂၆၉)၊အိမ် အိမ်ထောင်စု(၂၉၃)စု၊ လူဦးရေ (၁၃၁၈)ဦးတို့အပြင် ဒေသခံပြည်သူများအတွက်  ဒေသထွက်ကုန်များ ကုန်ကျစရိတ် သက်သာစွာဖြင့် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်တော့မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍစုံ ဖွံ့ဖြိးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment