မိုးညိုမြို့နယ်တွင် နှင်းဆီပန်းတစ်ပိုင်တစ်နိုင်စိုက်ပျိုး‌ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် နှင်းဆီပန်းတစ်ပိုင်တစ်နိုင်စိုက်ပျိုး‌ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ


MNP ၊ မတ်  ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ခိုင်ရွှေဝါလမ်းရှိ ဦးကျော်စိန်ဝင်း၏ခြံမြေတွင် နှင်းဆီပန်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။


နှင်းဆီပန်းစိုက်ပျိုးရာတွင် နှင်းဆီပင်များမှကိုင်းကူး၍ မြောင်းဘောင်များပြုလုပ်ပြီးစိုက်ပျိုးကာ သဘာဝမြေဩဇာကိုအသုံးပြုကြောင်း၊ အကျယ် ၁၀၀ ပေ × ၁၀၀ ပေရှိတဲ့ခြံမှာ အပင် ၁၀၀၀ ခန့်စိုက်ပျိုးထားကြောင်း၊ မော်ဒယ်စိမ်း(အဝါ)၊ ဖြူစိမ်း၊ မိတ်ကပ်ရောင်၊ ပန်းဆီရောင်၊ နီညိုရောင် အစရှိသည့် အရောင်မျိုးစုံစိုက်ပျိုးထားကြောင်း၊ နှင်းဆီပန်းတစ်ပွင့်ကို ၁၅၀ ကျပ်၊ ဖောက်သည်ဈေးကတော့ နှင်းဆီပန်း ၁၀ ပွင့်ကို ၁၀၀၀ ကျပ်ရောင်းချရကြောင်း၊ နှင်းဆီပင်အဖူးလိုက်မှုအပေါ်မူတည်၍ နေ့စဉ်ခူးရသလို ရက်ခြားခူး၍လည်းရောင်းချရကြောင်း၊ ဘုရားပန်း၊ အလှပန်းအိုးနှင့်အလျူပွဲ၊ မင်္ဂလာပွဲများမှာအသုံးများကြောင်း၊ နှင်းဆီပင်ကိုစိုက်ပျိုးပြီးဂရုတစိုက် ရေလောင်း၊ ပေါင်းရှင်း၊ မြေဩဇာကျွေးပြုလုပ်ပေးပါက ကြာရှည်ခူး၍ရောင်းချနိုင်ကြောင်း၊ တစ်ခါစိုက်ပျိုးပြီးပါက ကိုင်းကူး၍ဆက်လက်စိုက်ပျိုးနိုင်သည့်အတွက် ပျိုးပင်ဖိုးကုန်ကျစရိတ်သက်သာသည့်အတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့်ကြောင်း နှင်းဆီစိုက်ပျိုးသူထံမှ သိရသည်။


ကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment