လဲချားမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်များ ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဲချားမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်များ ဖြေဆို


MNP ၊ မတ်  ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ  ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များ ဖြေဆိုခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ကာ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။


လဲချားမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ-ထ-က(လဲချား)စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၅၈)ဦးအနက် ဖြေဆိုသူ (၅၂)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၈၉•၆၆)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment