တပ်ကုန်းမြို့၌ နွေရာသီကျောင်းပိတ်ရက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ နွေရာသီကျောင်းပိတ်ရက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်


MNP ၊ မတ်  ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကလေးငယ်များ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရေးနှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး ဖွင့်လှစ်ပေးသည့်  အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ဖွင့်လှစ် သင်ကြားခဲ့သည်။


သင်တန်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ကိုယ်ပိုင်ဖန်တီးနိုင်မှုစွမ်းအားများ တိုးတက်လာစေရန်၊ စိတ်ကူးစိတ်သန်းများ ကောင်းမွန်လာစေရန်၊ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ဖွင့် လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး နောက် သင်တန်းနည်းပြဆရာမ ဒေါ်အင်ကြင်းမေက  မြန်မာ့ရိုးရာပန်းချီအနုပညာသင်ကြားရခြင်း ၏ ရည်ရွယ် ချက်၊ မျဉ်းကြောင်းများအကြောင်း၊ မျဉ်းကြောင်းများ အဓိပ္ပာယ်၊ အရာဝတ္ထုပုံရေးဆွဲခြင်း၊ အရောင်များအကြောင်း၊ သစ်ကိုင်းနှင့် ငှက်ပန်းချီရေးဆွဲခြင်းများ စသည့်အကြောင်းအရာများ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းသို့ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၆ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၂ ဦး တက်ရောက်သင်ကြားပြီး သင်တန်းကို မတ် ၁၄ ရက်မှ ၂၃ ရက်နေ့အထိ နေ့စဉ် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီထိ သင်ကြားသွားမည်ဖြစ်ကြောင်း  သိရသည်။


တင်စိုးလွင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment