တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ကိုအေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ကိုအေးချမ်းစွာဖြေဆိုလျက်ရှိ





MNP ၊ မတ်  ၁၅

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ(ဇီဝဗေဒနှင့်ဘောဂဗေဒ)ဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်က  မြို့ပေါ်ရှိ အထက(၁) ၊ အထက(၄)စာစစ်ဌာနနှင့်တန်းလွဲရွာမမြို့ရှိ  အထက(ရွာမ) တို့တွင် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။


ထိုသို့ဖြေဆိုရာတွင် အထက(၁)စာစစ်ဌာန တွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုမည့်သူစာရင်းရှိ (၆၂)ဦးရှိ သည့်အနက် ဖြေဆိုသူ(၅၅)ဦး ၊ တန်းလွဲရွာမမြို့ ရှိ အထက(ရွာမ)တွင် ဖြေဆိုမည့်သူစာရင်း (၁၀)ဦးရာ (၁၀)ဦးလုံးဖြေဆိုခဲ့ပြီး ဘောဂဗေဒဘာသာရပ်တွင် အထက(၁)၌ ဖြေဆိုရန်စာရင်းရှိ(၄၃၈) ဦးအနက်(၃၆၉)ဦးဖြေဆိုခဲ့ပြီး ၊အထက(၄)တွင် ဖြေဆိုရန် စာရင်းရှိ(၂၁၉)ဦးအနက်ဖြေဆိုသူ(၁၇၃)ဦး အထက(ရွာမ)တွင် ဖြေဆိုရန်စာရင်းရှိ (၉၇)ဦးရှိသည့်အနက် ဖြေဆိုသူ(၇၇)ဦးရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှသိရသည်။


စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို နိုင်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် ၊ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး နှင့်ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)