သာယာဝတီမြို့တွင် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍမြှင့်တင်ရေး ပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့တွင် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍမြှင့်တင်ရေး ပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ


MNP ၊ မတ်  ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အင်းရွာတောင်သူလယ်သမားသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီခွဲက ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉)၊  သာယာဝတီမြို့မှဦးဆောင်၍ “ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍမြှင့်တင်ရေး” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် သာယာဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုမှအဖွင့်အမှာစကားပြောကြားပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉)၊ ဒုတိယညွှန်ကြားရေးမှူးဦးသာယာမှ သုံးဆယ်ရေလှောင်တမံဆည်ရေစီမံခန့်ခွဲမှု၊ WUG အဖွဲ့များဖွဲ့စည်းထားရှိမှုအခြေအနေနှင့် နွေစပါးရေပေးဝေမှုအခြေအနေ၊ လျာထားဧကပြည့်မီရေး တောင်သူများနှင့်ဌာနဆိုင်ရာများ အချိတ်အဆက်မိမိ ကြိုးစားဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်)၊ ဆည်ရေစီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်ရေးအဖွဲ့မှ အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးဦးအောင်ဝင်းဆွေမှ ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်(PIM)နှင့်ပတ်သက်သော အကြောင်းအရာများအား ပညာပေးရှင်းလင်းပြောကြားခဲ့ပြီး ရေအသုံးပြုသူတောင်သူများမှ ဆည်ရေအသုံးပြုမှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများမှ ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။


အခမ်းအနားသို့ ရေအသုံးချသူများအဖွဲ့(WUG) ခေါင်းဆောင်(၆)ဦးနှင့် အဖွဲ့ဝင်(၅၅)ဦး စုစုပေါင်း(၆၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သန့်ဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment