တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ(အခမဲ့) ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ(အခမဲ့) ဆောင်ရွက်ပေး






MNP ၊ မတ်  ၇

တပ်မတော်နယ်လှည့်ဆေးကုသရေး အထူးကုဆရာဝန်ကြီးများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယဉ်(သံလွင်)သည် ယနေ့  နံနက် ၈ နာရီက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ ဟုံးဝဆိပ်ကမ်းသို့ရောက်ရှိရာ အနောက်ပိုင်းတိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ  ဦးခင်မောင်သန်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာကော်မတီဝင်များနှင့် ဆရာ/ဆရာမများသောင်းသောင်းဖြဖြလှိုက်လှဲစွာကြိုဆိုကြသည်။


ထို့နောက် တပ်မတော်နယ်လှည့်ဆေးကုသရေးအထူးကုဆရာဝန်ကြီးများသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပေးရာ ကျောက်နီမော်တိုက်နယ်ဆေးရုံသစ်အတွင်းတွင် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)  တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့တွင်ပါဝင်သည့် ရောဂါဗေဒပါရဂူ၊ပြည်သူ့ကျန်းမာရေးပါရဂူ၊ မျက်စိ၊ နား နှာခေါင်း လည်ချောင်း၊  သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ၊  ခွဲစိပ်ပါရဂူ၊  ကလေးအထူးကုဆရာဝန်ကြီး၊  အရိုး အကြော အထူးကုဆရဝန်ကြီးများသွားအထူးကုဆရာဝန်ကြီး၊အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများ မေ့ဆေးပါရဂူ၊ဓါတ်ခွဲပါဂူနှင့်ဓါတ်မှန်ပါရဂူတို့သည်ကျောက်နီမော်ကျေးရွာအုပ်စုဒေသအတွင်းရှိ  ဆေးကုသလိုသည့်  ဒေသခံပြည်သူ  များအား ရောဂါရှာဖွေစမ်းသပ်ပေးပြီး လိုအပ်သည့်ဆေးဝါးများဖြင့် (အခမဲ့) ဆေးကုသပေးလျက်ရှိပြီး(၇-၃-၂၀၂၃)ရက်နေ့မှ(၈-၃-၂၀၂၃)နေ့ထိကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။


အောင်နိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)