MNP ၊ မတ် ၇
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြှင့် ခံ ရ သော (၃)မိုင်ဘုန်းတော်ကြီးသင် ပရဟိတကျောင်းတိုက်ဆရာတော်ကြီး သည် ယမန်နေ့ ညနေပိုင်းက မြို့ တစ်ပတ် လှည့်လည် အပူဇော်ခံခဲ့ကြောင်းသိရသည်။
အဆိုပါ (၃)မိုင်ဘုန်းတော်ကြီးသင် ပရဟိတကျောင်းတိုက်ဆရာတော်အား ၁၃၈၄ ခု ၊ တပေါင်း လပြည့်နေ့တွင် နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် (မဟာသဒ္ဓမ္မဇောတိကဓဇ)ဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဆက်ကပ်ခဲ့သည့် ဘွဲ့တံဆိပ်တော်နှင့်အတူ မောင်တောမြို့နယ် (၄) မိုင်ရပ်ကွက် ၊(၃)မိုင်သာစည်ကျေးရွာ ၊ (၃)မိုင်ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိ (မဟာသဒ္ဓမ္မဇောတိကဓဇ)ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘုရားကြီး အား တပည့်ရဟန်းသံဃာ ၊ ဒါယကာ ၊ဒါယိကာမ အပေါင်းတို့ကဂုဏ်ပြုကြိုဆို ပင့်ဆောင်ပြီး ကြိုဆိုရေး မင်္ဂလာယာဉ်တန်းဖြင့် မောင်တောမြို့ပေါ်ရပ်ကွက်များအတွင်း မြို့တစ်ပတ် လှည့်လည်အပူဇော်ခံခဲ့ ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment